Friday, November 22, 2013

အခုလို ရာသီအပြောင်းအလဲကာလမှာ ဖြစ်လေ့ဖြစ်တဲ့ရှိတဲ့  ချောင်းဆိုးတဲ့ဝေဒနာအတွက် သက်သာစေမယ့် နည်းလမ်းလေးတစ်ချို့ ကို ချယ်ရီပရိသတ်တွေအတွက် Share ပေးလိုက်တယ်နော်~~~~

သည်လို ညမျိုး ချောင်းတွေဆိုးခဲ့လျှင် ………….

နေ့ ခင်းပိုင်းအချိန်များတွင် ချောင်းဆိုးခြင်းသည် မသိလိုက် မသိသာ ဖြစ်ပေမဲ့ ညည ချောင်းဆိုးရင် အလွန်ပင် ဒေါသဖြစ်စရာတစ်ခုလို့ ဖြစ်ကြပါတယ် ။ နေ့ ခင်းပိုင်းချောင်းဆိုးခြင်းကြတော့ ဟိုသွားလိုက် ဒီသွားလိုက်ဖြစ်ပြီး နေ့ ခင်းအပူလည်းရှိ နေ့ ခင်းခန္ဓာကိုယ်လုပ်ရှားသည့်အတွက် ကိုယ်အပူငွေ့ လည်းရှိ စိတ်အသိစိတ်တွေကလည်း မသိမှု့ အတွက် ကြောင့် သတိမထားမိကြဘူးပေါ့ ။
ညရောက်ပြီဆိုရင် လူခန္ဓာကိုယ်ကြီးက နေ့ ခင်းတစ်နေ့ လုံး သွားလာလှုပ်ရှားထားလေတော့ ပင်ပန်းလာပြီး အိပ်ယာပေါ်လဲပြီး အိပ်တော့မယ်လုပ်တော့မှ တစ်ဟွတ်ဟွတ်နဲ့  ချောင်းကဆိုးလာတော့သည် တစ်ခါတစ်ရံ ချောင်းကဆိုးလိုက် လည်ပင်မှာ ယားယံပြီး ဆိုးလိုက် အိပ်ဖို့ ရာတောင် အိပ်ရေးပျက်ရရသည်အတွက် သည်လို ညမျိုး ချောင်းတွေဆိုး လာပြီဆိုရင် အလွန်ပင် စိတ်ဒေါသဖြစ်ရပါတော့သည် ။

နေ့ ခင်းဖက်တွေလည်ပင်းယားယံဆိုးနေခဲ့ရင် သက်သာစေသည့် အကြောင်းတင်ပြခဲ့ဘူးပါသည်ယခုလည်း ထပ်ရေးလိုက်ပါမည် သောက်ရေ (ရေခဲရေမဟုတ် ) ကို ဝဝ သောက်သုံးပေးလိုက်ပါ ။

ညဖက်ဖြစ်ခဲ့ရင်တာ့ ရေနွေးကြမ်းပူပူလေးထဲကို ပျားရည်ထည့်သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သလို့ ရေနွေးပူပူလေးထဲကို အိပ်သုံးဆားခတ်ပြီး ပလုပ် ကျင်းပေးပါက သက်သာစေပါတယ် ။ နောက်နေ့ အတွက် ဆေးခန်းမသွားမှီ ဆေးမသောက်ခင် လုပ်ဆောင်သင့်သည့် နည်းလေးပါ ။ ညမှာဖြစ်တော့ ဆေးဆိုတာအရန်သင့်မရှိသည်အခါတွင် လုပ်ဆောင်ပေးခြင်းဖြင့် ညညဆိုးသည့်ချောင်းအတွက်တော့ သက်သာပြီး အနားယူအိပ်စက်သွားပါလိမ့်မည် ခင်ဗျာ ။

သည်လိုချောင်းမျိုးတွေ ၁၀ ရက်ကျော်ပြီး မသက်သာဘူး ဆက်လက်ပြီးဆိုးနေအုံးမယ်ဆိုပါက ဆေးခန်းကိုပြသရပါလိမ့်မည် ။

ကျန်မားရေးအသိစာစုများဖတ်ရှု့ သိရှိပြီး နေထိုင်စားသောက်ခြင်းဖြင့် အသက်ရာကျော် ရှည်ကြပါစေ ။

No comments:

Post a Comment